ကြည့်ရှုသူ သိန်း ၁၈၀ နီးပါး ရှိသည့် အလုံး ၆၀ ကြက်ဥ မွေုကြော်

ကြက်ဥ အလုံး ၆၀ ဖြင့် ကြော်ထားတဲ့ ဧရာမကြက်ဥမွေုကြော်ကို ကိုရီးယားမှ လမ်းဘေးစားသောက်ဆိုင် ရောင်းချသူက အင်တာနက်မှာ ဗီဒီယို တင်ပြလိုက်တဲ့အခါ တအံ့တဩဖြင့် ကြည့်ရှုကြရာ ယခုအခါ ကြည့်ရှုကြိမ်ရေ ၁၇၇ သန်းကျော်လာပြီ ဖြစ်ပါတယ်။ 

တကယ်တော့ လမ်းဘေးစားသောက်ဆိုင် ပိုင်ရှင်အဖို့ လုပ်နေကျ ဖြစ်ပါတယ်။ မနက်စောစောမှာ ကြက်ဥ အလုံး ၆၀ ကို မွေုကြော် ကြော်ထားလိုက်ပြီး အပိုင်းအပိုင်း လှီးဖြတ်ပြီး လာဝယ်သူတွေကို ရောင်းချပါတယ်။ စာဖိုမှူးရဲ့ ပညာသားပါပါ လုပ်ကိုင်သွားပုံတွေကြောင့်လည်း ကြည့်ရှုကြိမ်ရေ မြင့်တက်တာလို့ ဆိုနိုင်ပါတယ်။ 

စာဖိုမှူးက ကြက်ဥအလုံး ၆၀ ကို အခွံခွဲပြီး ဇလုံကြီးထဲထည့်၊ ဆားတွေ ထည့်ပြီး မွေုပြီးတဲ့အခါ လှီးထားတဲ့ ကြက်သွန်မိတ်တွေ၊ မွမွလှီးထားတဲ့ မုန်လာဥတွေ၊ အသားအတုံးလေးတွေ ထည့်တယ်။ ပြီးတဲ့အခါ ဒယ်အိုးပြားပေါ်မှာ ကြော်တယ်။ အလွှာလွှာ ဖန်တီးပြီးမှ ကြက်ဉမွေုကြော်ကို အလိပ်ကြီးကြီး လိပ်လိုက်တယ်။ 
အဲဒီမှာ ဗီဒီယိုရဲ့ အကောင်းဆုံးအပိုင်းကို ရောက်ရှိပါတယ်။ ကြက်ဥမွေုကြော် အလိပ်ကို လက်တစ်လုံးသာသား အထူဖြင့် လှီးဖြတ်ပေးလိုက်တာ အတော်သေသပ်တယ်။ လှီးထားတဲ့အပိုင်းတစ်ခုစီကို ဝယ်သူလာရင် ရောင်းချပေးဖို့ ဘူးတစ်ခုစီမှာ အသင့်ထည့်ပေးထားတယ်။
 


Read 76 times.