Advertisement

Food Magazine


လွယ်ကူရိုးရှင်းတဲ့ ပန်ကိတ်ကို ဘယ်လိုလုပ်မလဲ....

အနောက်နိုင်ငံတွေရဲ့ မနက်စာတိုင်းမှာ Pan Cake ( ပန်ကိတ် ) ကို မပါမဖြစ်စားသုံးကြပါတယ်။ ပန်ကိတ်ဆိုပြီး နာမည် ဖြစ်လာတဲ့ အကြောင်းအရင်း ကတော့ Pan ဆိုတာ လက်ကိုင်ပါတဲ့ ဒယ်အိုးကို ခေါ်တာပါ ။ ပန်ကိတ်ဟာ လက်ကိုင်ပါတဲ့ ဒယ်အိုးဖြင့် ပြုလုပ်ရတာ ဖြစ်သောကြောင့် လက်ကိုင်ပါ ဒယ်အိုးဖြင့် ပြုလုပ်သော ကိတ် ( ပန်ကိတ် ) ဆိုပြီး အမည်တွင်လာတာပါ ။

ပန်ကိတ်ပြုလုပ်ရန် လိုအပ်သည့်ပစ္စည်းများ -

- အောက်မကပ်တဲ့ လက်ကိုင်ပါတဲ့ ဒယ်အိုး
- ခလောက်တံ
- ဂျုံမုန့်စစ်သံဇကာ
- ဇောက်ပန်းကန် တစ်လုံး
- ကြက်ဥတစ်လုံး
- သကြားနှစ်ဇွန်း
- နွားနို့ ၃ လက်မ ခွက် အပြည့်
- ဂျုံမှုန့်တစ်ခွက်စာ
- မုန့်ဖုတ် အမှုန့်တစ်ဇွန်း
- ဆား တစ်ဇွန်း
- ဆီ နှစ်ဇွန်း

ပထမဦးစွာ ဇောက်ပန်းကန် အသန့်ထဲကို ကြက်ဥ တစ်လုံးတစ်လုံး ဖောက်ထည့်ပါမယ် ၊ သကြားနှစ်ဇွန်းထည့်ကာ ခလောက်တံ ဖြင့် သမအောင် မွှေပါမယ် ။ ပြီးနောက် နွားနို့ လောင်းထည့်ပါမယ်။

ထို ဇောက်ပန်းကန်ပေါ်တွင် ဂျုံမုန့်စစ်သံဇကာ တင်ကာ ဂျုံမုန့် လောင်းထည့် စစ်ပါမယ်။ 

မုန့်ဖုတ် အမှုန့်တစ်ဇွန်း ၊ ဆား တစ်ဇွန်း ပါ ထိုဇကာထဲ ထည့်စစ်ပါမယ် ။

သမအောင်မွှေပါမယ်၊ ပြီးရင် ဆီနှစ်ဇွန်း ထည့်ကာ ထပ်မွှေပါမယ်။ ပျစ်ပျစ်လေး ဖြစ်သည်ထိ မွှေပေးပါ ။

မီးဖိုပေါ်ရှိ အောက် မကပ်တဲ့ လက်ကိုင်ပါတဲ့ ဒယ်အိုး ပေါ်သို့ Pan cake ပုံစံ အဝိုင်းပြားလေး လောင်းထည့်ပါ

မုန့်သား ခပ်တောင့်တောင့် အနေအထား ရောက်လာပါက တစ်ဖက်ပြန်လှန်ပါ။

လှန်ထားတဲ့ အချက် ရွှေအိုရောင် အနေအထား ရောက်ရင် ရပါပြီ။

ပြီးနောက် ရရှိလာသော ပန်ကိတ်လေးများပေါ်တွင် ထောပတ်လေး တင်ပြီး ပျားရည်လေး စမ်းစားပါ။

သင့်အနေနဲ့ စတော်ဘယ်ရီ ၊ ချယ်ရီ စတဲ့ အသီးတွေနှင့်လည်းပန်ကိတ်ကို မနက်စာ အဖြစ်တွဲဖက် သုံးဆောင်နိုင်ပါတယ်။

Ref ; Bluebell Recipes


Read 81 times.