Thai Airways ရဲ့ ဆန်းဆန်းပြားပြား လေယာဉ်ပျံ စားသောက်ဆိုင်

ကိုဗစ်ကပ်ဘေးကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ရပ်နားထားရသည်အပြင် ဝန်ထမ်းအင်အား လျှော့ချပစ်ခြင်း၊ လစာလျှော့ချခြင်း၊ လစာမဲ့ ခွင့်ယူစေခြင်းများ ဆောင်ရွက်နေကြရစဉ် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရပေါက်ရလမ်းကို ဖန်တီးကြရသည်။ 

No description available.

စင်ကာပူ လေကြောင်းလိုင်းသည် ခရီးသည်တင် လေယာဉ်အကြီးစားများကို လေဆိပ်တွင် ရပ်နားထားရပြီး လေယာဉ်ပျံစားသောက်ဆိုင်အဖြစ် ဖွင့်လှစ်လုပ်ကိုင်နေသည်။ တကယ့်လေယာဉ်ပျံပေါ်တက်ပြီး စားသောက်ကြရခြင်း ဖြစ်သည်။

No description available.

ထိုင်းလေကြောင်းလိုင်းသည်လည်း စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ လေယာဉ်ပျံကို မသုံးစွဲပဲ အဆောက်အဦတစ်ခုကိုသာ သုံးစွဲထားသည်။ လေယာဉ်မယ်များ လေယာဉ်မောင်များက တည်ခင်းဧည့်ခံပေးရာ လေယာဉ်ခရီးစဉ်တစ်ခုတွင် လေယာဉ်ပျံပေါ် စားသောက်နေရသည့် အရသာအတွေ့အကြုံကို ပေးအပ်သည်။ 

No description available.

စားသောက်ဆိုင်သို့ လာရန် လေယာဉ်တက်လက်မှတ် ကြိုတင်ဝယ်ယူရသည်ဖြစ်ရာ လေယာဉ်ခရီးစဉ်မှာ လိုက်ပါလျှင် လုပ်ကိုင်ရသည့်အတိုင်းပင် ဖြစ်တော့သည်။ စားသောက်ဆိုင်မှ ထိုင်ခုံများကို လေယာဉ်ပျံထိုင်ခုံများဖြင့် ခင်းကျင်းပေးထားသည်။ 

No description available.

No description available.

အပတ်စဉ် ဗုဒ္ဓဟူးမှ သောကြာနေ့အထိသာ ဆိုင်ဖွင့်ပြီး နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီ အထိသာ ဖြစ်သည်။ စားသောက်ဖွယ်ရာများကို မနက် ၉ နာရီမှ စတင်ကျွေးမွေးသည်။

No description available.

လေယာဉ်ပျံပေါ် ကျွေးမွေးနေကျ အစားအစာမျိုးတို့ကို အိမ်အရောက်ပို့စနစ်ဖြင့်လည်း မှာကြားနိုင်သည်။

No description available.

By The Myanmar Restaurant Guide

mothership


Read 86 times.