ရေဓာတ်ခန်းခြောက်ခြင်းမှ ပြန်အားဖြည့်ပေးတဲ့ ဖျော်ရည်များ

အခုလိုပူပြင်းတဲ့ ရာသီဥတုမှာ ကာယလုပ်သားများ၊ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့နေရသူများ၊ မှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများကို ခံစားနေကြရပါတယ်။

ချွေးထွက်လွန်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်ပါက ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ သွေးပေါင်ကျခြင်း စသည့် ကျန်းမာရေး ဆိုင်ရာ လက္ခဏာများကို ခံစားရမှာပါ။

ဒါကြောင့် ဒီလိုပူပြင်းတဲ့ရာသီဥတုကို အံတုနိုင်ဖို့ဆို မိမိ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝစေဖို့ သောက်သုံးစရာရေအပြင် အခြားသဘာဝသစ်သီးဖျော်ရည်များဖြင့်လည်း ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

 

(၁) ပူဒီနာရေတစ်ခွက်

ရေဓာတ် ခ န်းခြောက်မှုကို ဟန့်တားရန်အတွက် အခြားဘာသစ်သီးဖျော်ရည်မှ မသောက်ချင်တဲ့သူတွေအ တွက် ရေတစ်ဖန်ခွက်ထဲကို ပူဒီနာရွက် ၁၀ ရွက်စိမ်ပြီး သောက်သုံးပေးပါ။

အာနိသင်ပိုမိုရရှိစေရန် ၇ မိနစ်ခန့် စိမ်ပြီးမှ သောက်သုံးပေးသင့်ပါတယ်။ ပူဒီနာရွက်၏ အနံ့အရသာ ကြောင့် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ရေဓာတ်ခန်းခြောက်မှုကို ဟန့်တားပေးနိုင်ပါတယ်။

 

(၂) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ အိမ်မှာအလွုယ်တကူပြုလုပ်နိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု အရည်တမျိုးပါ။

ပန်းသီးတစ်လုံးကို အစိတ်လေးများပြုလုပ်ပြီၤး ရေတစ်ဖန်ခွက်ထဲမှာ သစ်ကြံပိုးခေါက်နှင့်အ တူရေစိမ်ပေးပါ။

မိနစ် ၂၀ ခန့်ထားပြီး သောက်သုံးပေးမယ်ဆိုပါက ချွေးထွက်လွန်ခြင်းကြောင့်ဖြစ်တတ်သော ရောဂါများကို ကာကွယ်ပေးပြီးသားဖြစ်မှာပါ။

 

(၃) လိမ္မော် ၊ ချင်းဖျော်ရည်

လိမ္မော်သီး (သို့) ရှောက်သီးကို အသုံးပြုရမှာပါ။ လိမ္မော်သီးတွင် ပါဝင်သည့် ဗီတာမင် စီဓာတ်က စိတ်ကိုလန်းဆန်းစေပြီး Antioxidants ကြွယ်ဝစွာပါဝင်မှုကြောင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။

အော်ဂန်းနစ် ပန်းသီး၊ ရှောက်သီး၊ လိမ္မော်သီး ကို အခွံပ့ါထည့်ပြီး အကွင်းလိုက်လေးလှီး၍ ရေတစ်လီတာထဲကိုချင်းနဲ့အတူ စိမ်ထားပေးပါ။

ရေခဲသေတ္တာထဲကို ၂ နာရီခန့် ထည့်ထားပြီးနောက် အရသာလည်းရှိ၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ လိမ္မော်ဖျော်ရည်ကို သောက်သုံး နိုင်ပါပြီ။

 

(၄) စပျစ်၊ သံပရာရည်

ရေတစ်လီတာထဲကို စပျစ်သီး ၁၅ လုံးခန့်ထက်ခြမ်းခြမ်းပြီး သံပရာသီး တစ်လုံးတို့ကို ရောစပ်ထည့်ထားပါ။

မိနစ် ၂၀ ခန့် စိမ်ထားပြီး အရသာရှိသည့် စပျစ်။သံပရာရည် ကို သောက်လို့ရပါပြီ။

စပျစ်သီးနှင့် သံပရာသီးက ရေဓာတ်ခန်းခြောက်မှုကို ဟန့်တားပေးနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

 

(၅) စတော်ဘယ်ရီ ၊ သခွားဖျော်ရည်

စတော်ဘယ်ရီ သီး ၅ လုံးလောက်ကို ထက်ခြမ်းခြမ်းပြီး သခွားသီး အကွင်းလိုက်လေး ၁၅ ခုနှင့်အတူ ရေတစ်လီတာထဲရောစိမ်ထားပေးပါ။

၅ မိနစ်၊ ၇ မိနစ် ခန့်ထားပြီး သောက်သုံးပေးပါက စတော်ဘယ်ရီ၏ Antioxidants ကြွယ်ဝမှုကြောင့် ကျန်းမာရေးကို အထူးကောင်းမွန်မှာပါ။

 

By The Myanmar Restaurant Guide


Read 143 times.