ပါဆယ်စနစ် သုံးစွဲရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားထား

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID 19)ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အထောက်အကူဖြစ်စေရန်နှင့် လူစုလူဝေး ဖြစ်ပေါ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနေဖြင့် စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ၈-၉-၂၀၂၀ ရက်နေ့မှစ၍ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရေး ကြပ်မတ်ဆောင်ရွက်သွားရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အကြောင်းကြားထားပါသည်။

 

စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင် များနှင့် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချနေသော ဆိုင်များအားလုံးကို ၈-၉-၂၀၂၀ ရက်နေ့မှစ၍ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ် ဖြင့်သာ ရောင်းချစေခြင်းဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်သည်။


Read 76 times.