Green Tea သောက်ခြင်းကြောင့်ရရှိမည့်အကျိုးထူးများ

ကျန်းမာရေးနည်းလမ်းကောင်းတွေအများကြီးရှိတဲ့အထဲကနေမှ Green Tea ပုံမှန်သောက်ပေးခြင်းကြောင့် ရရှိလာမဲ့အကျိုးကျေးဇူး ၁၀ ချက်ကိုပြောပြချင်ပါတယ်။

၁။Good Mood: Green Teaမှာ theanine လို့ခေါ်တဲ့ အမိုင်နိုအက်စစ်ပါဝင်တာကြောင့် စိတ်ကိုကြည်လင်စေပါတယ်။

၂။ GreenTeaဟာ ဇီဝဖြစ်ပျက်မှုကိုတိုးပွားစေခြင်း(သို့မဟုတ်) ပြောင်းလဲခြင်းကို အထောက်အကူပြ ု တာကြောင့် ခန္ဓာကိုယ်ရှိအဆီမှ ကယ်လိုရီများကိုလောင်ကျွမ်းစေပါတယ်။တနည်းအားဖြင့် GreenTeaဟာ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

၃။ သိပ္ပံနည်းကျလေ့လာချက်များအရ GreenTea သောက်သုံးခြင်းဖြင့် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကြောင့် ခန္ဓာကိုယ်တွင်းထိခိုက်ပျက်စီးမှုများကို ဖယ်ရှားပေးသည့် အကောင်းဆုံးသဘာဝအရာများထဲမှတခုဖြစ်သည်ဟုလေ့လာတွေ့ရှိရပါတယ်။

၄။ Green Tea မှာပါဝင်တဲ့ကဖိန်းဓာတ်ဟာကော်ဖီမှာပါဝင်တဲ့ကဖိန်းဓာတ်ထက် အလွန်နည်းပါတယ်။ Green Teaမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ဦးနှောက်အတွက်ကျန်းမာရေး အကျိုးကျေးဇူးကောင်းကိုရရှိနိုင်မဲ့ သင့်လျော်တဲ့ပမာဏဖြစ်ပါတယ်။Green Tea မှာပါဝင်တဲ့ကဖိန်းဓာတ်ဟာ လူကိုနိုးနိုးကြားကြားဖြစ်စေပြီး ဦးနှောက်ကိုကြည်လင်စေပါတယ်။ 

၅။ အကယ်၍သင်ဟာတနှစ်တာအတွင်း သင်သောက်နေကြ အအေးနှင့်soda နေရာမှာ GreenTea တခွက်ကို အစားထိုးပြီးသောက်သုံးမယ်ဆိုရင်ဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီ ၅၀၀၀၀ ကျော်လောင်ကျွမ်းမှာဖြစ်ပြီး ၁၅ပေါင်လျော့ကျမှာဖြစ်ပါတယ်။

၆။ Green Tea ပုံမှန်သောက်သုံးခြင်းဖြင့် သွေးအတွင်းမွသကြားဓာတ်ပမာဏကို လျော့ကျစေနိုင်ပြီး ရေရှည်မှာ ဆီးချို ရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်းစေမှာပါ။

၇။ Green Tea မှာရှိတဲ့ ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းတွေဟာ ဦးနှောက်အတွင်းရှိ အာရုံခံဆဲလ်များကို ကာကွယ်ဖို့ကူညီပေးပါတယ်။ဒါကြောင့် Green Tea သောက်သုံးသူများသည် ရှာတွေ့ရအများဆုံး neurodegenerative ရောဂါနှစ်ခုဖြစ်တဲ့ အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်တို့၏ အန္တရာယ်ကိုလျှော့ချနိုင်ပါတယ်။

၈။ Green Tea မှာ catechins လို့ခေါ်တဲ့ antioxidants များစွာပါဝင်ပြီးသူတို့ဟာ ဆဲလ်ပျက်စီးမှုများကို ကာကွယ်ပေးပါတယ် ။

၉။ Green Teaမှာပါတဲ့ catechinဟာ သွားတွေပေါ်မှာရှိတတ်တဲ့သွားချေးတွေနဲ့ သွားဖုံးများလျော့ရဲခြင်းကိုကာကွယ်ပေးပါတယ်။ 

၁၀။ ပါးစပ်အတွင်းမှာရှိတတ်တဲ့ မမြင်ရတဲ့ ဘက်တီးရီးယားလေးတွေဟာ halitosis(သို့မဟုတ်) အသက်ရှူ ရခက်ခဲစေပါတယ်။ GreenTea သောက်သုံးခြင်း အဆိုပါ ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးပြီး ခံတြင်းအနံ့ဆိုးခြင်းကိုကာကွယ်ပေးပါတယ်။

Green Tea ရဲ့အကျိုးကျေးဇူးလေးတွေကိုသိရပြီဆိုတော့ နေ့တိုင်းတရက်တခွက်လောက်တော့ ပုံမှန်သောက်ဖို့ မမေ့နဲ့တော့နော်။
 


Read 645 times.