Advertisement

Food Magazine


Bubble Tea, Milk Tea အမျိုးပေါင်းစုံလင်စွာ ရနိုင်မယ့် EASY RAY (မြေနီကုန်း)ဆိုင်ခွဲ

Bubble Tea, Milk Tea ကြိုက်တတ်တဲ့ Foodies လေးတွေအတွက် ဈေးနှုန်းလည်းသင့်တင့်ပြီး အေးဆေးထိုင်လို့ရမယ့် ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.။
ဆိုင် နာမည်လေးကတော့ EASY RAY(မြေနီကုန်း)ဆိုင်ခွဲပါ။

ဒီဆိုင်ရဲ့ Historyက  ...... 
မြန်မာနိုင်ငံရဲ့ Milk Tea Trend   ခေတ်မစားခင်တည်းက     မန္တလေးမြို့မှာ. 2001 ခုနှစ်လောက်တည်းက စဖွင့်ခဲ့တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်..။

နောက်ပြီး ဒီဆိုင်လေးမှာ အဓိက ရနိုင်တဲ့ Menu လေးတွေက ..
 Milk Tea , Green Tea , Milk Shake , Bubble Shake , Lemon Shake , fruit tea , Smoothie တွေလို လူငယ်ကြိုက် အအေးမျိုး_ အမျိုး ( ၇၀ ) နီးပါး ရနိုင်ပါတယ်။  
ပြီးတော့  အဆာပြေစားလို့ရမယ့် Cake နဲ့ Light Foods တွေ အဓိက ရနိုင်သေးတယ်နော်။ 

ခုလက်ရှိ ရန်ကုန်မြို့EASY RAY (မြေနီကုန်း) ဆိုင်ခွဲလေးမှာ လူကြိုက်များနေတဲ့ အအေးလေးသုံးမျိုးကတော့ 
(1) Kiwi Smoothie(ကီဝီစမူးတီး)
(2) Grape-fruit Fruit Tea (ဂရိတ်ဖုအသီး လက်ဖက်စိမ်း)
(3) Gui Ling Gao Milk Shake(ဆေးပေါင်းနွားနို့) လေးတွေပဲဖြစ်ပါတယ်။ 

နောက်ပြီး ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ 
Bubble Tea တွေကို သံဗူးပုံစံ Packaging ဖြင့် ထုတ်ပေးထားတော့ ဆိုင်မှာ ထိုင်ပြီးပဲ သောက်သောက်၊ ပါဆယ်ယူသွားလို့ပဲ ဖြစ်ဖြစ် အကုန်လုံးအတွက် အဆင်ပြေပီပေါ့...။

ကဲ ဘာလိုသေးလဲ foodies လေးတို့ရေ ညွှန်းပေးထားပီးပီဆိုတော့ Bubble Tea တွေရဲ့ အရသာကို သွားရောက်မြည်းစမ်းကြည့်ကြပါနော်..။

လိပ်စာ - အမှတ် ၂၄၀ , ဗားကရာလမ်း , မြေနီကုန်း , စမ်းချောင်းမြို့နယ် ( Dagon Center 1 ရှေ့ ) 
Opening Hours - 10:00 AM - 9:30 PM ဖြစ်ပါတယ်။ 

Source:FoodInYangon


Read 68 times.