Advertisement

အဆုတ်ရှိအညစ်အကြေးများကိုသန့်ရှင်းပေးနိုင်သည့်ဖျော်ရည်

ကိုရိုနာဗိုင်းရစ်ဟာ အဆုတ်ကို အဓိကတိုက်ရိုက်သက်ရောက်တဲ့ကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့အတွက် ကျွန်ုပ်တို့တွေဟာ အဆုတ်ကျန်းမာကောင်းမွန်နေဖို့က အလွန်အရေးကြီးတဲ့အချိန်ဘဲ ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဆေးလိပ်သောက်တဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့ အတတ်နိုင်ဆုံးဆေးလိပ်သောက်တာကို လျော့ချသင့်ပါတယ်။

အဆုတ်ကျန်းမာစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေများများစားပေးသင့်တဲ့အပြင် ဒီဖျော်ရည်ကတော့ အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ် ပုံမှန်လည်ပတ်မှုကို အထောက်အကူပြုရန်ရည်ရွယ်ပြီး သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူရှာတွေ့နိုင်သောသဘာဝအစားအစာများနှင့် ဆေးပင်များကိုအသုံးပြုထားတာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့-
======================
- ရေတစ်ခွက်
- ဂျင်း ၂လက်မခန့်အတုံး
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံခန့်
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံခန့်
- သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံခန့်
- ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
=====================
- ဂျင်းကိုအခွံနွှာပြီး ပါးပါးပြားပြားလေးလှီးပါ။
- ပြီးရင်တော့ ဂျင်း၊နနွင်းမှုန့်၊သစ်ကြံပိုးခေါက်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရေတွင် ၅ မိနစ်ခန့်ပြုတ်ပါ။
- မီးအရှိန်လျော့ပြီး ၅ မိနစ် ၁၀ မိနစ်ခန့် ကြာကြာပြုတ်ခြင်းက အရသာကို ပိုမိုကောင်းမွန်စေပါတယ်။
- ပြီးရင်တော့ ခွက်ထဲသို့ အဖတ်များမပါအောင်စစ်ထည့်ပါ။
-အားလုံးပြီးရင်တော့ ပျားရည်ထည့်မွှေပြီး သောက်သုံးနိုင်ပါပြီ။

ဆေးလိပ်သောက်သုံးတဲ့သူတွေဟာ အဆုတ်အားနည်းနိုင်ချေများပြားတဲ့ သူတွေဖြစ်တဲ့အတွက် ဒီဖျော်ရည်လေးကိုသောက်သုံးပေးခြင်းက အဆုတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာပါ။


Read 34 times.

Our Food Tour

YKKO

YKKO

Thingangyun - Yangon