နာမည်ကျော်ကြားလှသော ဂျပန်ရိုးရာအစားအစာများ

ဟင်းသီးဟင်းရွက်နှင့် လတ်ဆတ်သောပင်လယ်စာများကို ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင် လေ့ရှိကြသော ဂျပန်လူမျိုးများသည် အသက်ရှည်ကျန်းမာကြပါတယ်။ ထို့ပြင် အစားအစာများ၏ သန့်ရှင်းလတ်ဆတ်မှုကို ဦးစားပေးပြီး မျက်စိအမြင်မှာလည်းလွန်စွာလှပအောင်ပြင်ဆင်လေ့ရှိကြပါတယ်။ နာမည်ကျော်ကြားလှသော ဂျပန်ရိုးရာအစားအစာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဂျပန်အစားအစာလို့ ပြောလိုက်ရင် တော်တော်များများ ဆူရှီကို ပြေးမြင်ကြပါတယ်။ တကယ်လည်း ဂျပန်နိုင်ငံမှာတင်မကဘဲ တခြားကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဆူရှီဆိုင်တွေကို တွေ့နိုင်သလို ဆူရှီက အဆီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် လူမျိုးတိုင်းနီးပါး ခံတွင်းတွေ့ နှစ်သက်ကြတာပါ။ ဒါပေမယ့်လည်း ဂျပန်အစားအစာတွေထဲမှာ ဆူရှီအပြင် တခြားနာမည်ကျော် အစားအစာတွေလည်း ရှိနေပါတယ်။

 


ဆူရှီ(sushi)
=========
ဆူရှီ  ဆိုသည်မှာ ဂျပန်စားစရာ တစ်မျိုးဖြစ်ပြီး ချက်ပြုတ်ပြီး ရှာလကာရည်ဖြင့် ရောနယ်ထားသော ထမင်းကို ငါးနှင့် အခြားပင်လယ်စာ အစရှိသည့် စားစရာ တို့နှင့် ရောစပ်ပြီး လိပ်ထားသည့် ဂျပန်ရိုးရာစားစရာတစ်မျိုးဖြစ်ပါတယ်။ ပင်လယ်ရေညှိဖြင့်လိပ်ထားသောဆူရှီလိပ်ကို မာကိဆူရှီ(Makizushi) ၊ ထမင်းကိုလက်ဖြင့်လုံးကာ အပေါ်တွင် အသားငါးများတင်ထားသောဆူရှီကို (Nigirizushi) ၊ ကြော်ထားသောတို့ဖူးအတွင်း စားစရာများထည့်ထားသောဆူရှီကို အိနာရိဇူရှီ(Inarizushi) ဆူရှီဆန်၏အပေါ်တွင် စားစရာများဖြန့်ကြဲထားသော ဆူရှီကို ချိရာရှိဇူရှီ(Chirashi-zushi)ဟုခေါ်ပါသေးတယ်။


ပါးပါးလှီးထားသော ငါးကိုမူ ဆာရှိမိ ဟုခေါ်ပြီး ဆူရှီနှင့် မတူပဲ ကွဲပြားခြားနားတယ်။ နိုရိ ဟုခေါ်သည် အခြောက်လှမ်းပြီး ပြားနေအောင် ဖိထားသော ပင်လယ်ရေညှိနှင့် လိပ်ထားသော ဆူရှီကို မာကိဇူရှီ ဟုလည်းခေါ်ပါသေးတယ်။ကြော်ထားသော တို့ဖူး အတွင်း စားစရာများကို ပြွတ်သိပ်ထည့်ထားသော ဆူရှီကိုမူ အိနာရိဇူရှီ ဟုခေါ်သည်။ ဆူရှီ ဆန်၏ အပေါ်တွင် စားစရာများ ဖြန့်ကျဲထားသော ဆူရှီကိုမူ ချိရာရှိဇူရှီ ဟု ခေါ်တယ်။

ဆူရှီသည် ထမင်းကို Vinegar(ရှာလကာရည်)ဖြင့်နယ်ကာ အပေါ်တွင် ငါးမျိုးစုံ ၊အသားမျိုးစုံ နှင့် အသီးအရွက်များကိုတင်ပြီး လှပစွာ ပြင်ဆင်စားသုံးရသော အစားအစာဖြစ်သည်။ ဂျပန်နိုင်ငံမှအပ အခြားနိုင်ငံများတွင် ဆူရှီကို Sashimi(သို့)Raw fish(လတ်ဆတ်စွာပြင်ဆင်ထားသော ငါးအစိမ်း)နှင့် မှားတတ်ကြတယ်။ Sushi ဆိုသည်မှာ ဂျပန်ဘာသာဖြင့် "ချဉ်သည်"ဟု ဆိုလိုရင်းဖြစ်သည်။ ဆူရှီအမျိုးမျိုးရှိပါတယ်။ Nori ခေါ်ရေညှိခြောက်ထဲတွင်ထည့်လိပ်ထားသော မာကိဇူရှီ (Makizushi) ၊ ထမင်းကို လက်ဖြင့်လုံးကာ အပေါ်တွင်အသားငါး၊ အသီးအရွက်များတင်ထားသော Nigirizushi ၊ အစာများကို Tofu ခေါ်ပဲပြားဖြင့်ထုတ်ထားသော အိနာရိဇူရှီ (Inarizushi) ၊ အစာများကို ပန်းကန်ထဲရှိ ထမင်းဆုပ်များပေါ်တွင် ဖြန့်တင်ထားသော ချိရာရှိဇူရှီ (Chirashi-zushi) တို့ဖြစ်ကြတယ်။

ဆူရှီလုပ်ရာတွင်အဓိကယူဆချက်မှာ ငါးကိုဆား ၊ ထမင်းဖြင့် အချဉ်ဖောက်ခြင်း(သို့) တာရှည်ခံအောင်ပြုလုပ်ခြင်းဖြစ်တယ်။ယင်းအချဉ်ဖောက်နည်းကို ယနေ့တိုင် ငါး၊ ဆန်နှင့် အချဉ်ဖောက်ထားသည့် ဟင်းလျာများဆက်လက်ရှိနေသော အရှေ့တောင်အာရှတွင် တွေ့ရှိနိုင်ပါတယ်။ ငါးကိုထမင်းနှင့်အချဉ်ဖောက်ခြင်း၏ ယူဆချက်မှာ အချဉ်ဖောက်ရာတွင်သုံးသော ထမင်းမှထွက်လာသောအချဉ်ရည်သည် ငါးကို Amino acids များအဖြစ် ဖြိုခွဲလိုက်ခြင်းဖြစ်တယ်။ ထိုအခါမှ ဂျပန်ဘာသာဖြင့် Umami ဟုခေါ်သော အရသာငါးပါး ထွက်ပေါ်လာတယ်။

ဂျပန်တွင်ရှေးအကျဆုံးဆူရှီဖြစ်သည့် Narezushi သည်လည်း ယင်းအချဉ်ဖောက်နည်းကိုအသုံးပြုခြင်းဖြစ်တယ်။ ဂျပန်တွင် Narezushi မှ Oshizushi ၊ ထိုမှတဆင့် ယနေ့အားလုံးက ဆူရှီဟုသိကြသော Edomae nigirizushi အဖြစ်သို့အသွင်ပြောင်းခဲ့တယ်။ ယနေ့ခေတ်ဆူရှီများသည် ယခင်ရှေးဆူရှီများနှင့် ဆင်တူမဟုတ်တော့ချေ။ ယခင်ဆူရှီများမှာ ငါးကိုထမင်းနှင့်အချဉ်ဖောက်ကာ ထမင်းကိုလွှင့်ပစ်ပြီး ငါးကိုသာစားကြတယ်။အနံ့အရသာပြင်းသော Narezushi တစ်မျိုးဖြစ်သည့် Funazushi ကို ဂျပန်နိုင်ငံ Biwa ရေကန် အနီးတွင်ပြုလုပ်ရောင်းချပါတယ်။ထို Funazushi သည် ရှေးဆူရှီများကဲ့သို့ပင် ငါးကိုထမင်းနှင့်အချဉ်ဖောက်ကာ ထမင်းကိုလွှင့်ပစ်ပြီး ငါးကိုသာစားရသောဆူရှီဖြစ်ပေတယ်။

 

ဆာရှိမိ (Sashimi)
==============
ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော ဂျပန်နိုင်ငံတွင် လတ်ဆတ်သော ပင်လယ်စာရရှိနိုင်သည့်အတွက် ငါးအစိမ်းစားသည့်ဓလေ့သည် အဲတို ခေတ်ကတည်းကရှိခဲ့ပါတယ်။ လတ်ဆတ်သောငါးကို သေးငယ်ပါးလွှာစွာလှီးထားပြီး ဂျပန်ငံပြာရည် ၊ ဝါစာဘိတို့နှင့်စားလေ့ရှိပါတယ်။

 


တန်ပူရာ(tempura)
===============
ကြာခဲ့သောအရင်ခေတ်ကတည်းက ကျယ်ပြန့်စွာရှိခဲ့သော ပင်လယ်စာနှင့် အသီးအရွက်များကို ဂျုံမှုန့်နှင့် အကြွပ်မှုန့်ကိုရောနယ်ပြီး ဆီနှင့်ကြော်သော အစားအစာတစ်မျိုးဖြစ်ပါတယ်။ တမ်ပူရာ သည် ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာများပါဝင်သည့် ဂျပန်အကြော်စုံလည်း ဖြစ်တယ်။ဂျပန်ပဲငံပြာနှင့်လည်းတွဲစား လေ့ရှိပါတယ်။
 
ရိုးရာနည်းအတိုင်း ချက်ပြုတ်သည့် တမ်ပူရာတွင် ပင်လယ်စာအမျိုးမျိုးနှင့် အသီးအရွက်များသည် အဓိက ပါဝင်သည့် ပစ္စည်းများ ဖြစ်တယ်။ တမ်ပူရာတွင် လူကြိုက်အများဆုံးမှာ ပုဇွန်ဖြင့်ပြုလုပ်ထားသည် အဲဘိတမ်ပူရာ ခေါ် ပုဇွန်တန်ပူရာ ဖြစ်တယ်။ တမ်ပူရာပြုလုပ်ရာတွင် ပါဝင်သည့် ပင်လယ်စာများမှာ များစွာရှိတယ်။ဟင်းသီးဟင်းရွက်ဖြင့် ပြုလုပ်ထားသည် တမ်ပူရာကို ယဆအိတမ်ပူရာဟု ခေါ်တယ်။ ဤတမ်ပူရာပြုလုပ်ရာတွင် ပါဝင်လေ့ရှိသည့် ဟင်းသီးဟင်းရွက်တို့မှာ လည်းများစွာရှိတယ်။

 


ဆိုဘ(soba)
=============
နှံစားသီးပင်တစ်မျိုးဖြစ်သောဆိုဘကို အသုံးပြုပြီး ပြုလုပ်ထားသော ခေါက်ဆွဲတစ်မျိုးဖြစ်ပါတယ်။ အပူ အအေး နှစ်မျိုးလုံးစားသုံးနိုင်ပါတယ်။ ဒေသအလိုက် အရသာလဲကွာခြားပါတယ်။ ရှေးယခင်ကပင် ကျန်းမာရေးအတွက် ကောင်းမွန်သော ဆိုဘကို နှစ်သက်စွာ စားသုံးလာခဲ့ကြပါတယ်။ လူစည်ကားသော ဘူတာကဲ့သို့သောနေရာ များတွင် မတ်တက်ရပ်သုံးဆောင်နိုင်သော ခေါက်ဆွဲဆိုင်များတွင်လည်း တွေ့ရှိရပါတယ်။

..

ခုပြောပြထားတာကတော့ နာမည်ကျော်ကြားလှသော ဂျပန်ရိုးရာအစားအစာအချို့ဘဲ ဖြစ်ပါတယ်။


Read 146 times.