မရမ်းသီးကြော်နည်း

အခုချိန်ဟာဆိုရင်တော့ မရမ်းသီးပေါချိန်ဆိုတော့ တော်တော်များများသဘောကျတဲ့ဟင်းဖြစ်တဲ့ မရမ်းသီးကြော်နည်းလေးကို ဝေမျှပေးပါမယ်နော်။ပါဝင်ပစ္စည်းလေးတွေနဲ့ ပြုလုပ်နည်းအဆင့်ဆင့်ကို အောက်မှာပြောပြပေးထားပါတယ်နော် .......

ပါဝင်ပစ္စည်းများ
-မရမ်းသီး ၂၀သား
-ပုစွန်ခြောက်မှုန့်(အချိုခြောက်) ၂ ကျပ်ခွဲသား
-ငပိစိမ်းစား သုံးမယ်ဆိုရင်တော့ ၂ကျပ်ခွဲသားဖြစ်ပြီး
တုံတုံငပိထောင်းဘူးသူံးမယ်ဆိုရင်တော့ ၁၀၀တန် ၃ဘူးပါ။
-ဆီ ၇ကျပ်ခွဲသား
-ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
-ငရုတ်သီးစိမ်း
..........
မရမ်းသီးကြော်နည်းအဆင့်ဆင့်
-မရမ်းသီးကို ပါးပါးလှီးထားပါ။
-ငပိစိမ်းစားကိုရေဖြင့် ဖျော်ထားပါ။
-ငရုတ်သီးစိမ်းလေးတွေကို အနေတော်ညှပ်ထားပါ။
-ကြက်သွန်ဖြူ ၊နီ ကိုထောင်းထားပြီး အိုးထဲသို့ ဆီ ၇ကျပ်ခွဲသားထည့်၍ ငရုတ်သီးအစိမ်းမှုန့်ဖြင့် ဆီသတ်ပါ။
-ဆီသတ်ပြီးရင်တော့ ပုစွန်ခြောက်မှုန့်ကိုထည့်ပြီးမွှေပါ။
-ပြီးရင်တော့ မရမ်းသီးကိုထည့်ပါ။
-မရမ်းသီး ထည့်ပြီးရင်တော့ အရည်ဖျော်ထားတဲ့ ငပိစိမ်းစားကိုထည့်ပြီး အချိုမှုန့်၊ ငံပြာရည်အနည်းငယ်ထည့်၍ နှံစပ်အောင်မွှေပြီးအရသာအပေါ့အငံကိုမြည်းကြည့်ပါ။
-အရသာအဆင်ပြေပြီဆိုရင်တော့ ညှပ်ထားတဲ့ငရုတ်သီးစိမ်း ထည့်ပြီးမွှေပါ။
-ငရုတ်သီးစိမ်းလေးတွေ နွမ်းသွားပြီဆိုရင်တော့ အရသာရှိလှတဲ့ မရမ်းသီးကြော်လေးကိုစားလို့ရပါပြီနော်။


Read 243 times.
2 Reviews

Reviews

Nan Shwe Ye Win | March 2020
မရမ်းသီး ​ကြော်​နဘ်း

Very good

Did you find this review helpful?

0
Nyan Zaw | February 2020
Praise

Very good recipes

Did you find this review helpful?

0