ကျောက်ကပ်ကိုသန့်ရှင်းစေသည့်ဖျော်ရည်ပြုလုပ်နည်း

ကျန်းမာသောကျောက်ကပ်သည် မိနစ်တိုင်းမှာ သွေးခွက်တစ်ဝက်ခန့်ကို စစ်ထုတ်ပေးပါတယ်။ မလိုအပ်သည့်အညစ်အကြေးများနှင့်ရေပိုများကို ဆီးအဖြစ်သို့ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ပြင်ပသို့ ပြန်လည်ထုတ်ပေးသည့် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ကျောက်ကပ်ကောင်းမွန်အောင် ကြိုတင်ကာကွယ်သင့်ပါတယ်။ 

ခရမ်းရောင်ဂေါ်ဖီထုပ်သည်အရည်ရွှမ်းသောအခါအရောင်တောက်တောက်ရှိပြီးချိုသောအရသာရှိပြီးချိုသောအရသာရှိသည်။ခရမ်းရောင်ရှိတဲ့ဂေါ်ဖီထုပ်ဖျော်ရည်ကိုသောက်သုံးပေးခြင်းဟာ ကျောက်ကပ်ကိုသန့်စင်ပေးပြီး အူနှင့်အစာခြေစနစ်ကိုကောင်းမွန်စေကာ ကင်ဆာရောဂါကိုကာကွယ်ပေးပါတယ်။

ခရမ်းရောင်ဂေါ်ဖီထုပ်ဖျော်ရည်ရဲ့ပါဝင်ပစ္စည်းတွေကတော့ 
-ခရမ်းရောင်ဂေါ်ဖီထုပ်(300g)
-မုန်လာဥနီ (အနေတော်အရွယ်အစား ၃ လုံး)
-ပန်းသီး (၂ လုံး)
-အသီးအရည်ညှစ်ကိရိယာ

ပြုလုပ်နည်း
မုန်လာဥနီနှင့် ပန်းသီးကို အခွံခွာရန်မလိုအပ်ပါ။ ခရမ်းရောင်ဂေါ်ဖီထုပ်၊မုန်လာဥနီနှင့် ပန်းသီးတို့ကို အသီးအရည်ညှစ်စက်ထဲသို့ထည့်ပြီး ညှစ်ပါ။ ပြီးနောက် အရည်ညှစ်စက်မှထွက်လာသော အရည်များကို ဖန်ခွက်ဖြင့်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။ ဖျော်ရည်များကိုရေခဲသေတ္တာထဲထည့်သိမ်းထားပါက ၂ ရက်ထိထားလို့ရပါတယ်။ 

အလွယ်တကူဝယ်ယူလို့ရတဲ့ ပစ္စည်းများဖြစ်ပြီး လွယ်ကူတဲ့ပြုလုပ်နည်းလေးဖြစ်တာမို့ ကျောက်ကပ်သန့်စင်စေဖို့ တစ်နေ့တစ်ခွက်ပုံမှန်သောက်ပါလို့ အကြံပြုချင်ပါတယ်။ 


Read 233 times.