ထင်မထားလောက်အောင် ဒေါ်လာသိန်းနဲ့ချီပြီး ရနေတဲ့ ကိုရီးယားထိပ်တန်း Mukbang Youtuber (၅)ယောက်...

Mukbang Youtuber(foodblogger)ဆိုတာ အင်တာနက်ကနေ ကင်မရာရှေ့မှာ အစားအသောက် ပမာဏများစွာ အားပါးတရစားပြနေတာကို streaming လွှင့်တဲ့သူတွေလို့ foodies တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်..။

အခု foodies တို့ကို ဖော်ပြပေးချင်တာက Mukbang Youtuber အဖြစ် ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို ကင်မရာအရှေ့မှာ အားပါးတရ စားပြရုံနဲ့ တစ်လကိုအနည်းဆုံးဝင်ငွေ ဒေါ်လာသိန်းနဲ့ချီပြီး ရနေတဲ့ ကိုရီးယားထိပ်တန်း Mukbang Youtuber (၅) ယောက်အကြောင်းပဲ ဖြစ်ပါတယ်။

Mukbang Youtuber တစ်ယောက်အဖြစ် လုပ်ကိုင်ရတာက ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်တွေထဲမှအကောင်းဆုံးဖြစ်တယ်လို့ ဆိုရလောက်အောင်ပါပဲ။ 

အခု ဖော်ပြပေးချင်တဲ့ ကိုရီးယားထိပ်တန်း Mukbang Youtuber (၅) ယောက်ဆိုရင် တစ်လကိုရရှိတဲ့ ဝင်ငွေပမာဏဟာ သင် ထင်ထားတာထက် အများကြီးသာလွန်းလှတာကို တွေ့ရပါတယ်။ 

1. Dona (도나)

ထိပ်တန်း Mukbang Youtuber ငါးယောက်ထဲက ပထမနေရာမှာ ရပ်တည်ရှိနေသူကတော့ Dona ဖြစ်ပြီး Subscriber အရေအတွက်ဟာဆိုရင်တော့ ၄.၉၉ သန်းရှိပါတယ်။ 
ဒီ Subscriber အရေအတွက်ဟာ Jane ASMR ထက်နည်းတယ်ဆိုပေမယ့် ဝင်ငွေကတော့ တစ်လကို‌ ကီုရီးယားဝမ် ၂.၈၄၆ ဘီလီယံ ($ 2.37 Million USD) ရှိတယ်လို့ သိရပါတယ်။

2. Jane ASMR (제인)

Jane ASMR ကတော့ Subscriber အရေအတွက် ၈.၄၆ သန်း ရှိသူဖြစ်ပြီး လတိုင်းမှာ သူမရဲ့ဝင်ငွေဟာ ပျှမ်းမျှအားဖြင့် ကိုရီးယားဝမ် ၇၉၆ မီလီယံ ($662000 USD) ရှိတယ်လို့ ဆိုပါတယ်။

3. Hongyu ASMR (홍유)

တတိယနေရာမှာ ရှိနေသူကတော့ Hongyu ASMR ပဲ ဖြစ်ပါတယ်။ သူမရဲ့Subscriber အရေအတွက်ဟာဆိုရင် ၄.၄၄ သန်း ရှိပြီး တစ်လဝင်ငွေကတော့ ပျှမ်းမျှ ကိုရီးယားဝမ် ၄၄၅ မီလီယံ ($371000 USD) 
ရှိပါတယ်။

4. Hamzy (햄지)
နေအိမ်ဧည့်ခန်းမှာ အားပါးတရ ချက်ပြုတ်စားသောက်ပြတတ်တဲ့ Youtuber Hamzy ရဲ့ Channel ဟာဆိုရင်တော့ Subscriber အရေအတွက် ၃.၅၂ သန်းရှိတာဖြစ်ပြီး သူမရဲ့တစ်လတာပျှမ်းမျှဝင်ငွေကတော့ 
ကိုရီးယားဝမ် ၂၆၁.၅ မီလီယံ ($217000 USD) ရှိတာဖြစ်ပါတယ်။

5. Eat With Boki
Subscriber အရေအတွက် ၄.၃ သန်းရှိတဲ့ Eat With Boki YouTube Channel ရဲ့ Youtuber ဟာဆိုရင် တစ်လကို ပျှမ်းမျှဝင်ငွေ ကိုရီးယားဝမ် ၂၁၅.၂ မီလီယံ ($179000 USD) ရရှိတာဖြစ်တယ်လို့ 
သိရပါတယ်။

Ref : Koreaboo


Read 124 times.