ကိုဗစ်ပြီးသွားရင် မရောက် ရောက်အောင် သွားသင့်တဲ့ Cafe ဆိုင် တစ်ဆိုင်

ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်ချက်တွေနဲ့ Stay Home နေကြရတဲ့အတွက် ကျွန်တော်တို့တွေဟာ တစ်နည်းနည်းနဲ့ ငြီးငွေ့ စိတ်ရှုပ်နေကြမှာပါ....

ဒါမဲ့ ကိုဗစ်ကြီး ပြီးသွားခဲ့ရင်ဆိုတဲ့ စိတ်နဲ့ အကုန်လုံးက ပျော်စရာတွေရှာကြံနေကြပါတယ်....နောက်ပြီး ကိုဗစ်ပြီးရင် ဘာလုပ်မယ်...ဘယ်သွားမယ်ဆိုတဲ့ Planတွေကလည်း ခေါင်းထဲအမြဲရောက်နေမယ်ဆိုတာ ယုံကြည်ပါတယ်...

တချို့က မိသားစုတွေ / သူငယ်ချင်းတွေ နဲ့ ခရီးထွက်ကြမယ်တွေးထားကြပြီး တချို့က Bar သွား Clubတက်ဖို့တွေးနေကြမှာ သေချာပါတယ်....

သူများတွေ ဘယ်လိုတွေးတွေး လူတစ်စုကတော့ Cafe ဆိုင်လေးတစ်ဆိုင်မှာ Coffeeလေးသောက်ပြီး အေးအေးဆေးဆေး စကားလေးတွေပြောပြီး Chill ချင်နေကြပါတယ်....

ချစ်သူစုံတွဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ဓာတ်ပုံလေးတွေရိုက် စကားအေးဆေး ပြောချင်နေကြတဲ့ သူတွေအတွက် ကိုဗစ် ပြီးသွားရင် သွားသင့်တဲ့ Cafeတွေထဲက တစ်ဆိုင်ကို မျှဝေပေးသွားချင်ပါတယ်....

 

" LEAF Cafe & Plant "

 

ဒီဆိုင်လေးကတော့ ဆိုင်ထဲမရောက်ခင် အဝမှာကတည်းက သစ်ပင်လေးတွေနဲ့ တောထဲရောက်သွား သလို ခံစားရစေမှာပါ... ဆိုင်ထဲရောက်တာနဲ့ ပထမဆုံးက စိမ်းစိုနေမှုကြောင့် စိတ်ကို အပန်းပြေစေမှာဖြစ်ပါတယ်...

မသိရင် ဥယျာဉ်တစ်ခုထဲရောက်သွားပြီး ကော်ဖီပူပူလေးကို ကိုယ့်ရဲ့ အရင်းနှီးဆုံး သူစိမ်းတွေနဲ့ အတူတူထိုင် သောက်နေရသလိုပါပဲ....

ဆိုင်ရဲ့ အောက်ထပ်အပြင်ဆင်က ရှေးဟောင်းဆန်ဆန် ပြင်ဆင်ထားတာ ဖြစ်ပြီး ...ဆိုင်လေးက ၂ထပ်ဖြစ်တဲ့ နေရာ အကျယ်အဝန်းသာမကပဲ ဓာတ်ပုံရိုက်ဖို့ နေရာတော်တော်များများရှိပါတယ်နော်....

နောက်ပြီး ဒီ Cafeက သစ်ပင်လေးတွေလည်း ရောင်းတာဖြစ်လို့...သစ်ပင်စိုက်ရတာ စိတ်ဝင်စားတဲ့ သူတွေအတွက် မသွားမဖြစ် သွားသင့်ပါတယ်...

ဆိုင်ရဲ့ နေရာတိုင်းလိုလိုမှာ သစ်ပင်လေးတွေ ရှိနေတာကြောင့် စိတ်ကိုအေးချမ်းစေပြီး တစ်ဦးနဲ့ တစ်ဦး ကော်ဖီလေးသောက်ရင်း စကားတွေ ဖောင်ဖွဲ့နိုင်ရုံသာမက.....ချစ်သူစုံတွဲတွေ / သူငယ်ချင်းတွေ အတွက် ဓာတ်ပုံတွေ အဝ ရိုက်လို့ ရမယ့် ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်....

ဒါ့ကြောင့်မို့လို့ ကိုဗစ်ကြီး ပြီးသွားတဲ့ အခါ  အမှတ် ၁၆ ၊ ရှင်စောပုဘုရားလမ်း ၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိတဲ့ LEAF Cafe & Plant ဆိုင်ကို မဖြစ်မနေ သွားရမယ် ဆိုတဲ့ Plan ကို အခုကတည်းက ကြိုဆွဲထားလိုက်ကြတော့နော်...

Facebook page >>> https://www.facebook.com/leafcafenplants/

 

ကပ်ကြီးပြီးရင် Clubကြီးမသွားဘဲ Café Deja Brew မှာ Coffee Date ကြရအောင်လေ

 

By Wyk (The Myanmar Restaurant Guide)

LEAF Cafe & Plants


Read 86 times.